ကျွန်ုပ်တို့၏ မူဝါဒများ

ဒေတာ လျှော့ချရေး

သင့်ကိုယ်ရေးကိုယ်တာ၊ လုံခြုံရေးနှင့် ဘေးကင်းမှုထက် ကျွန်ုပ်တို့အတွက် ပိုအရေးကြီးသော အရာမရှိပါ။ ကျွန်ုပ်တို့သည် ဒေတာစုဆောင်းမှုကို လျှော့ချရန် တတ်နိုင်သမျှ လုပ်ဆောင်သည် — ကျွန်ုပ်တို့တွင် အဖိုးတန်ဒေတာများ သိမ်းဆည်းထားခြင်း မရှိ၍၊ ၎င်းတို့ကို ခိုးယူခြင်း သို့မဟုတ် ၎င်းတို့အား ပေးရန် ကျွန်ုပ်တို့အား အတင်းအကြပ် လုပ်ဆောင်မည့်သူများ မရှိနိုင်ပါ။

လုံခြုံရေးစစ်ဆေးမှုများ

nthLink စနစ်များအတွက် လုံခြုံရေးစစ်ဆေးမှုများကိုလည်း ပုံမှန် လုပ်ဆောင်လျှက် ရှိပါသည်။ အမှီအခိုကင်းသော ဒစ်ဂျစ်တယ် လုံခြုံရေးအဖွဲ့အစည်း Cure53 က ကျွန်ုပ်တို့၏ စနစ်များကို ၂၀၁၉ နှင့် ၂၀၂၀ တွင် နောက်ဆုံးပေါ် လုံခြုံရေး စံနှုန်းများနှင့် နှိုင်းယှဉ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

တွေ့ရှိချက်အားလုံးကို ဖော်ပြကာ ဖြေရှင်းခဲ့ပြီးနောက် ပြုပြင်မှုများကို Cure53 မှ စစ်ဆေး အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ လုံခြုံရေး စစ်ဆေးမှုအစီရင်ခံစာ (PDF) အပြည့်အစုံကို ဖတ်ရှုပါ - ၂၀၂၀ nthLink Security Audit (Performed by Cure53) ၂၀၁၉ nthLink Security Audit (Performed by Cure53)

nthLink မှ အသုံးပြုထား Third-party libraries

ပွင့်လင်းမြင်သာမှုရှိသော မူဝါဒများ

အသုံးပြုသူ ဒေတာအတွက် အစိုးရမှ တောင်းဆိုချက်များ။ nthLink က အမေရိကန်အစိုးရရဲ့ တည်ဆဲဥပဒေနှင့်အညီ တရားရုံးအမိန့်ဖြင့် အတင်းအကြပ် အချက်အလက် တောင်းဆိုမှုများ ပြုလုပ်မှသာ ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုစည်းမျဉ်းများနဲ့ ကိုက်ညီမှုရှိစွာ လိုက်နာမှာ ဖြစ်ပါသည်။ ဥပဒေအရ ပြည့်စုံတဲ့ တောင်းဆိုချက်တစ်ခုစီကို ကျွန်ုပ်တို့က ဂရုတစိုက် ပြန်လည်သုံးသပ်မည် ဖြစ်ပြီး အလွန်ကျယ်ပြန့်သော သို့မဟုတ် မရေမရာသော တောင်းဆိုမှုများအတွက် ငြင်းပယ်ခြင်း သို့မဟုတ် ပိုမို တိကျခြင်းရှိမှု လိုအပ်ပါသည်။ nthLink က နိုင်ငံခြားအစိုးရများရဲ့ တောင်းဆိုမှုများကို အသိအမှတ် မပြုပါ။ အချို့သော ကန့်သတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အချက်အလက်များကိုလည်း နှစ်စဉ် ထုတ်ဝေမှုများ ပြုလုပ်သွားပါမည်။

ယခုအချိန်အထိ nthLink ထံသို့ မည်သည့်အစိုးရကမှ အသုံးပြုသူများ၏ ဒေတာများ တောင်းခံလာခြင်း မရှိသေးပါ။

အသုံးပြုမှု ကန့်သတ်ချက်များ။ အမေရိကန်နိုင်ငံ၏ ဥပဒေများနှင့်အညီ nthLink သည် သုံးစွဲသူများအား မူပိုင်ခွင့် ချိုးဖောက်သည့် ပစ္စည်းများ၊ ကလေးသူငယ် လိင်အလွဲ သုံးစားမှု မီဒီယာ သို့မဟုတ် nthLink ကွန်ရက်မှတစ်ဆင့် အခြား တရားမဝင် အကြောင်းအရာများကို ဖြန့်ဝေခြင်း သို့မဟုတ် ဒေါင်းလုဒ် လုပ်ခြင်းမှ တားမြစ်ထားသည်။ nthLink သည် အကြောင်းအရာပိုင်ရှင်များ၊ ဥပဒေစိုးမိုးရေး အေဂျင်စီများ သို့မဟုတ် အခြား ရင်းမြစ်များထံမှ တိုင်ကြားချက်များကို လက်ခံရရှိနိုင်ပြီး၊ ထိုသို့ တရားမဝင် လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်နေသည့် IP လိပ်စာများနှင့် ဆက်သွယ်မှုများကို ကျွန်ုပ်တို့ ပိတ်ဆို့နိုင်ပါသည်။

ပွင့်လင်းအရင်းအမြစ်

nthLink client ကို 3-Clause BSD လိုင်စင် (New BSD လိုင်စင် အဖြစ်လည်း သိကြသည်) အောက်တွင် ထုတ်ဝေထားခြင်း ဖြစ်ပါသည်။ nthLink အရင်းအမြစ်ကုဒ်ကို အသုံးပြုခွင့် ရယူရန်အတွက် nthLink ပံ့ပိုးကူညီမှု အဖွဲ့ထံ အီးမေးလ် ပို့ပေးပါ